ကြည့်မြင်တိုင် ပြည်ခိုင်ဖြိုးပါတီမှ မဲရုံကိုယ်စားလှယ်များအား တွေ့ဆုံမှာကြား

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီဝင်ရောက် ရွေးချယ်ခံမည့်မြို့နယ်များမှ မဲရုံကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်ကြမည့်ပါတီဝင်များ အား ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များမှ ကြိုတင်ဆောင်ရွက်ရမည့်တာဝန် ဝတ္တရားများကိုဆွေးနွေးပို့ချလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီက ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ရန်ကုန်တိုင်းဒေသကြီးပါတီကော်မတီမှ ဗဟိုကော်မတီဝင်ဦးတင်ဝင်းနှင့် ဒေါ်သင်းသင်းမိုး၊ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်းနှင့် ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌဦးမြင့်လွင်တို့သည် မဲရုံကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ကြမည့်ပါတီဝင်များ အားတွေ့ဆုံ၍ ဆောင်ရွက်ရမည့်တာဝန်များကိုဆွေးနွေးခဲ့ကြသည်။
ယင်းသို့ဆွေးနွေးရာတွင် ဗဟိုကော်မတီဝင် ဦးတင်ဝင်းက မဲရုံကိုယ်စားလှယ်အဖြစ် တာဝန်ယူ ဆောင်ရွက်ကြမည့်ပါတီဝင်များသည် အမာခံပါတီဝင်များဖြစ်၍ အထူးပြောကြားရန်မလိုအပ်ပါ ကြောင်း အဓိကပြောကြားလိုသည်မှာ အောင်စိတ်မွေးမြူဆောင်ရွက်ဖို့ တိုက်တွန်းမှာကြားလိုကြောင်း ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူး တင်ပါကြောင်းပြောကြားပြီး ဆက်လက်၍ ဗဟိုကော်မတီဝင်ဒေါ်သင်းသင်းမိုးက မဲရုံကိုယ်စား လှယ်များသည် ကြီးမားသောတာဝန်များကိုထမ်းဆောင်ရမည့်သူများဖြစ်ကြ၍ မိမိကိုယ်စားလှယ် ၏တရားဝင်မဲများ မဆုံရှုံးစေရေးနှင့် မဲရုံအတွင်း ဥပဒေနှင့်မညီညွတ်သည့် ကိစ္စများတွေ့ရှိပါက အချိန်နှင့် တစ်ပြေးညီကန့်ကွက်တင်ပြရန်လိုအပ်ကြောင်းနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်လွင်က ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထိန်ဝင်း(YGN)