ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဗဟိုအလှုပ်မှုဆောင် မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့်အတူ မကွေးမြို့နယ် ရပ်ကျေးပါတီဥက္ကဌများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဗဟိုအလှုပ်မှုဆောင် မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့်အတူ ယနေ့ ၁၀ နာရီ အချိန်က တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ မကွေးမြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများနှင့် တွေ့ဆုံခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် ပါတီဗဟိုအတွင်းရေးမှူးမှ ပါတီရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့်ပတ်သက်ပြီး အားပေးစကားများပြောကြားခဲ့ကာ တက်ရောက်လာသော မြို့နယ်​ကော်မတီဝင်များနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌများမှ ပြန်လည်တင်ပြချက်များအား အပြန်အလှန်ဆွေးနွေးကာ တွေ့ဆုံပွဲအား နေ့လည် ၁၁ နာရီတွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။