ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပါတီရုံးသို့ သွားရောက်ကာ ပါတီရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် တွေ့ဆုံပြီး ပါတီပြန်လည်ပြင်ဆင်ဖွဲ့စည်းရေးကိစ္စများ ၊ နိုင်ငံတွင်းလတ်တလောဖြစ်ပေါ်နေသော အခြေအနေများ၊ ပါတီ၏ ​ရှေ့လုပ်ငန်းစဉ်များအား တွေဆုံဆွေးနွေးခဲ့ပါသည်။

ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်တွေ့ဆုံဆွေးနွေးပွဲသို့ ဗဟိုအလုပ်မှူဆောင် မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်သည့် ဦးဟန်မောင်၊ ဦးကျော်သူဦး၊ ဦးစောဝင်းမောင်၊ ဦးအောင်နိုင်၊ ဦးသန်းဝင်းတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။