ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ၀င်းကံကျေးရွာသို့ ကိုဗစ်-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း (Door to Door)စနစ်ဖြင့် မဲဆွယ်စည်းရုံးရေးစတင်

 

ကျိုက်ထို၊ စက်တင်ဘာ ၂၄ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့အတွင်းရှိ ၀င်းကံကျေးရွာသို့ ယနေ့မနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေ၊ ပြည်နယ်လွှတ်တော် အမှတ်(၁) ကိုယ်စားလှယ်လောင်း ဦးဌေးလွင်တို့၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ စတင်မဲဆွယ်စည်းရုံးခဲ့ကြသည်။

၀င်းကံကျေးရွာသို့ သွားရောက်ပြီး ရပ်မိရပ်ဖများ၊ အောင်နိုင်ရေးအဖွဲ့ဝင်များ၊ ရပ်ကျေးအမှုဆောင်များနှင့် တွေ့ဆုံပြီး အောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကာ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်း စာစောင်များဝေဌ၍ စည်းရုံးရေးဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံ လူငယ်များ လိုက်ပါခဲ့ကြသည်။

Phyo Wai San