သံတြဲခရိုင္ ႏွင့္ ၿမိဳနယ္ျပည္ခိုင္ၿဖိဳးပါတီ ထမင္းဗူးမ်ားေဝ

သံတြဲ  ၾသဂုတ္ ၂
သံတြဲၿမိဳနယ္တြင္ ၂၀၂၃ ခုႏွစ္ ဩဂုတ္လ ၁ ရက္ႏွင့္ ၂ ရက္ေန႔မ်ားတြင္ မိုးသီးထန္စြာရြာသြန္းမႈေၾကာင့္ ေတာင္က်ေရမ်ားစီးဆင္းကာ ျမစ္ေရ လၽွံတက္မႈမ်ားျဖစ္ေပၚခဲ့သည္။
ထိုျမစ္ေရလၽွံမႈေၾကာင့္ျမစ္ကမ္းေဘးရွိေက်းရြာမ်ား၊ေရျမဳတ္ေသာရပ္ကြက္မ်ားမွျပည္သူမ်ားမွေရလြတ္ရာ ေရေဘးကယ္ဆယ္ေရးစခန္းမ်ားသိုသြားေရာက္၍ေရးေဘးေရွာင္ေနၾကရပါသည္။
၂. ၈. ၂၀၂၃ ေန႔ညေနတြင္ သံတြဲခရိုင္ျပည္ခိုင္ၿဖိဳးပါတီဥကၠဌဦးေက်ာ္ဇင္၊ခရိုင္အမ်ိဳးသမီးေရးရာတာဝန္ခံေဒၚခင္မူ၊ၿမိဳနယ္ဥကၠဌ ဦးစန္းနိုင္ ၊အမ်ိဳးသမီးေရးရာတာဝန္ခံ ေဒၚစန္းစန္းျမင့္ႏွင့္ အမ်ိဳးသမီးေရးရာအဖြဲဝင္ မ်ား၊လူငယ္ပါတီဝင္မ်ား၊ျပည္နယ္ေကာ္မတီဝင္ဦးေဇာ္သန္းဦး တိုသည္ အံေတာ္ေက်းရြာမွျပည္သူ ၁၅၀ ေရေဘးေရွာင္ေနထိုင္ေသာ အံေတာ္ဘုရားႀကီးတိုက္ေက်ာင္းဓမၼာ႐ုံႏွင့္ အံေတာ္ေတာင္ေပၚေက်ာင္းဓမၼာ႐ုံမ်ားသိုသြားေရာက္၍ ညေနစာထမင္းထုပ္ ၁၅၀ ထုတ္ ( ၃) သိန္းဖိုးသြားေရာက္ေဝငွလႉဒါန္းခဲ့သည္။

=========================================

သံတွဲခရိုင် နှင့် မြိုနယ်ပြည်ခိုင်ဖြိုးပါတီ ထမင်းဗူးများဝေ

သံတွဲ  သြဂုတ် ၂
သံတွဲမြိုနယ်တွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် မိုးသီးထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းကာ မြစ်ရေ လျှံတက်မှုများဖြစ်ပေါ်ခဲ့သည်။
ထိုမြစ်ရေလျှံမှုကြောင့်မြစ်ကမ်းဘေးရှိကျေးရွာများ၊ရေမြုတ်သောရပ်ကွက်များမှပြည်သူများမှရေလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသိုသွားရောက်၍ရေးဘေးရှောင်နေကြရပါသည်။
၂. ၈. ၂၀၂၃ နေ့ညနေတွင် သံတွဲခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးကျော်ဇင်၊ခရိုင်အမျိုးသမီးရေးရာတာဝန်ခံဒေါ်ခင်မူ၊မြိုနယ်ဥက္ကဌ ဦးစန်းနိုင် ၊အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းမြင့်နှင့် အမျိုးသမီးရေးရာအဖွဲဝင် များ၊လူငယ်ပါတီဝင်များ၊ပြည်နယ်ကော်မတီဝင်ဦးဇော်သန်းဦး တိုသည် အံတော်ကျေးရွာမှပြည်သူ ၁၅၀ ရေဘေးရှောင်နေထိုင်သော အံတော်ဘုရားကြီးတိုက်ကျောင်းဓမ္မာရုံနှင့် အံတော်တောင်ပေါ်ကျောင်းဓမ္မာရုံများသိုသွားရောက်၍ ညနေစာထမင်းထုပ် ၁၅၀ ထုတ် ( ၃) သိန်းဖိုးသွားရောက်ဝေငှလှူဒါန်းခဲ့သည်။