မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းဖွင့်

 

မိုးကောင်း စက်တင်ဘာ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ မဲရုံကိုယ်စားလှယ် များနှင့် မဲရုံအကူ ကိုယ်စားလှယ်များအတွက် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း အမှတ်စဉ် (၁/၂ဝ၂ဝ) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မိုးကောင်းမြို့ အရှေ့ရပ်ကွက်ရှိ မြို့နယ်ပါတီရုံး၌ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။

သင်တန်းသို့ မြို့နယ်ပါတီ စည်းရုံးရေးနယ်မြေ (၁) အတွင်းရှိ ရပ်ကွက်သုံးရပ်ကွက်နှင့် စည်းရုံးရေး နယ်မြေ (၂) အတွင်းရှိ ကျေးရွာအုပ်စုသုံးအုပ်စုတို့မှ ကိုရိုနာဗိုင်း ရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ရေးညွှန်ကြားချက်များနှင့်အညီ ကန့်သတ်ဖိတ်ကြားထားသည့် မဲရုံကိုယ်စားလှယ်များနှင့် မဲရုံအကူ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ပါတီကော်မတီဝင် ဦးမြင့်စိုးတို့က ဆောင်ရွက်ကာ ရွေးကောက်ပွဲဆိုင်ရာများ ရှင်းလင်း ပို့ချပေးခဲ့ကြသည်။

ဝင်းအောင်(မိုးကောင်း)