ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဝေါမြို့နယ်ရှိ ကျေးရွာဘုန်းကြီး ကျောင်းများတွင် ဝါဆိုသင်္ကန်းကပ်လှူ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်းသည် ပဲခူးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်နိုင်၊ ဝေါမြို့နယ် ပါတီကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဝေါမြို့နယ် စစ်တောင်းမြစ်ကမ်းဘေးရှိ ကမ်းကြီးဆိပ်၊ ညောင်ခါးရှည်၊ သပြေကန်၊ မှုံကဒုန်၊ ဖိုးစပယ်ကျေးရွာအုပ်စုများရှိ ဘုန်းကြီးကျောင်း ၁၁ ကျောင်းတွင် ဝါဆိုသင်္ကန်းများ ကပ်လှူခဲ့ကြောင်း သိရသည်။