မိုးနဲမြို့ပြည်ခိုင်ဖြိုးပါတီအခြေခံပညာအထက်တန်းကျောင်းသို့ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်ခေးခရိုင်မိုးနဲမြို့နယ်တွင် ယနေ့နံနက် ၉နာရီက မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများက အခြေခံပညာ အထက်တန်းကျောင်းဆရာ/ဆရာမ များနှင့် ကျောင်းသားကျောင်သူများ အတွက် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယင်းသို့လှူဒါန်းရာတွင်  မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုင်းအုန်းကျော်နှင့် မြို့နယ် ပါတီကော်မတီဝင်များက မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံနေသည့် ဆရာ/ဆရာမများနှင့် ကျောင်း သားများ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု နိုင်ရန်အတွက် Surgical Maskအခု ၂ဝဝ နှင့် ကိုယ်အပူချိန်တိုင်း ကိရိယာတစ်ခုတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးစိုင်းစိုးနိုင်က လက်ခံရယူခဲ့ ကြောင်း သိရသည်။