ဒဂုံတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရာသီတုပ်ကွေး ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် အရှေ့ပိုင်းရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ (၁၇) ရပ်ကွက် ဗန္ဓုလအိမ်ရာဝင်းအတွင်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးမှုတ်ခြင်း လုပ်ငန်းများအား အိမ်ရာကော်မတီဝင်၏ တောင်းဆိုမှုကြောင့် ယမန်နေ့ နံနက်၁၁နာရီတွင်ကွင်းဆင်းဆောင် ရွက်ပေးခဲ့သည်။

မိုးဦးကျကာလ၌ သွေးလွန်တုပ်ကွေးအန္တရာယ် ကင်းရှင်းစေရန် အတွက် လမ်းအသီးသီးရှိရေမြောင်းများ၊ နေအိမ်များကြားများအား ခြင်ဆေးဖျန်းဆောင်ရွက်ခဲ့ကြပြီး COVID-19  ကာလကျန်းမာရေးဌာန မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ မွန်းလွဲ ၁နာရီထိ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပြည်သူ့ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြရာ ဒဂုံတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဦးထွန်းလွင်၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးကျော်ကျော်၊ ဦးမြင့်အောင်၊ ဦးခင်မောင်ဝင်း၊ အရန်ပါတီကော်မတီဝင် ဦးရွှေဝင်းနှင့် မြို့နယ်လူထု အဖွဲ့ဝင်များလိုက်ပါ၍ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်း အား ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြပြီး ဗန္ဓုလအိမ်ရာရပ်ကျေးဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်သာယာရေး ကော်မတီဝင်များက ခြင်ဆေးဖျန်းလိုသည့် နေရာများ အား အပိုင်လိုက်ဝိုင်းဝန်းကူညီဆောင် ရွက်ပေးခဲ့ကြပြီး  လိုအပ်သည့် လောင်စာဆီများ ပံ့ပိုးကူညီခဲ့ကြကြောင်း သိရသည်။  ဇော်မင်းထွန်း(ဒဂုံတောင်)