ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးမျက်နှာစုံညီစည်းဝေးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တက်ရောက်

နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်းသည် ယနေ့ (ဇွန်လ ၂၄ ရက်) နံနက် (၉) နာရီအချိန်က ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်သော ရပ်/ကျေး မျက်နှာစုံညီ အစည်း အဝေးနှင့် ခန့်အပ်တာဝန်ပေးပွဲသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိအဖြစ် သရေစည်သူ ဦးလှဌေးဝင်းက တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် ဇေယျာသီရိမြို့နယ် ပါတီအတွင်းရေးမှူး ဦးရဲဝင်း၊ ဦးမြတ်သိန်းထွန်း၊ ဦးတင်ဝင်း၊ ဦးဆယ်မောင်နှင့် နေပြည်တော်ခရိုင် ပါတီအတွင်းရေးမှူး ဦးနွေနှင်းမောင် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးခေါင်းဆောင်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

Credit – Zay Yar


Leave a Reply