ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

 

8-8-2018 နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သော ပါတီဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင်များ၏ သား/သမီးများထဲမှ ၂၀၁၈ -၂၀၁၉ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်/ အထက်တန်း/ အလယ်တန်း/ မူလတန်း တက်ရောက်ပညာသင်ယူနေသာ ကျောင်းသား/ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း နှင့် ၂၀၁၇ – ၂၀၁၈ ခုနှစ်ပညာသင်နှစ်တွင် အထက်တန်းစာမေးပွဲအား ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား ယနေ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နေ့လည် ၀၁း၀၀ နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း ၊ ဗဟိုအတွင်းရေးမှူးများ ၊ ဌာနချုပ်မှူးနှင့်ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များ ၊ မိဘများ ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ဂုဏ်ထူးများဖြင့်ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌဦးမြတ်ဟိန်းမိသားစုမှ လှူဒါန်းသည့် ကျောင်းသုံးဗလာစာအုပ်များအား ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေးမှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ပြည်သူ့ဆက်ဆံရေး