တောင်ကိုရီးယားကို စစ်ရေးအရတုန့်ပြန်ဖို့ ဆိုင်းငံ့လိုက်တယ်လို့ ကင်မ်ပြော

တောင်ကိုရီးယားနိုင်ငံအပေါ် စစ်ရေးအရတုန့်ပြန်မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ ခေါင်းဆောင်ကင်မ်က ဆုံးဖြတ်လိုက်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

တောင်ကိုရီးယားရဲ့ ဝါဒဖြန့်ချီမှုပါစာရွက်တွေ နှစ်နိုင်ငံနယ်စပ်ကိုကျော်ပြီး မြောက်ကိုရီးယားနယ်မြေ အတွင်းအထိ ရောက်ခဲ့တယ်လို့ ဆိုပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား တင်းမာမှုတွေက ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းရှိနေခဲ့တာပါ။

အဲဒီလိုဖြစ်ပြီးနောက်ပိုင်းမှာပဲ နှစ်နိုင်ငံစစ်မဲ့ဇုန်ထဲကို စစ်တပ်ကိုစေလွှတ်မယ်လို့ မြောက်ကိုရီးဘက်ကနေ ခြိမ်းခြောက်မှုတွေလုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုအရေးနဲ့ပက်သတ်ပြီး ခေါင်းဆောင်ကင်မ်ရဲ့ အစည်းအဝေးအပြီးမှာတော့ စစ်ရေးအရ တုံ့ပြန်မှုတွေကို ဆိုင်းငံ့ထားမယ်လို့ ဆုံးဖြတ်ခဲ့တာကို မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာကနေ ဖော်ပြခဲ့ပါတယ်။  Ref: BBC