လာလီဂါနောက်ခံလူများအတွင်း ဂိုးအများဆုံးသွင်းယူနိုင်သူ ဖြစ်လာသည့် ရာမို့စ်

ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်သည် လာလီဂါသမိုင်းတစ်လျှောက် နောက်ခံကစားသမားများအတွင်း ဂိုးအများဆုံး သွင်းယူနိုင်သူအဖြစ် မှတ်တမ်းသစ်ရေးထိုး နိုင်ခဲ့သည်။ ရာမို့စ်သည် ဆိုစီဒက် နှင့်ယှဉ်ပြိုင်ခဲ့သော လာလီဂါပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၄င်း၏ လာလီဂါသွင်းဂိုးစုစုပေါင်း မှာ ၆၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်သည်။

၎င်းသည် ဘာစီလိုနာ နောက်ခံကစားသမားဟောင်း ရော်နယ်ကိုးမန်း၏ သွင်းဂိုးမှတ်တမ်း အား ကျော်လွန်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ အသက် ၃၄ နှစ်ရှိပြီ ဖြစ်သော ရာမို့စ်သည် ရီးရဲလ်မက် ဒရစ်နှင့်အတူ အဓိကဆုဖလား ၂၁ လုံးအထိ ရယူထားနိုင်သူလည်း ဖြစ်သည်။

၎င်းသည် ကစားသမားဘဝ ၌ အနီကတ်ပြသခံရမှုနှုန်းမြင့်မားခဲ့သော်လည်း ဂိုးသွင်းစွမ်းရည်ပါ မြင့်မားသူအဖြစ် သက်သေပြနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ရာမို့စ် သည် ၂ဝဝ၅ ခုနှစ်တွင် ရီးရဲလ် သို့ ပြောင်းရွှေ့ရောက်ရှိခဲ့သူ ဖြစ်သည်။    Ref; Marca