မြောက်ဒဂုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ Mask များ လှူဒါန်း

 

ဇွန် ၁၈၊ ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ် ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Covid – 19 ရောဂါဖြစ်ပွားမှု မှ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်း ပိုးသတ်ဆေးများဖြန်းခြင်း၊ Hand Gel၊ Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအညီ ဆောင်ရွက်လျက် ရှိပါသည်။ ယနေ့ ၁၈-၆-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ရုံးသို့သွားရောက်ပြီး Mask များအား လှူဒါန်းခဲ့ကြပါသည်။#WinWin