ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ရပ်ကျေးပါတီဥက္ကဌများ ပရဟိတအဖွဲ့များနှင့် တွေ့ဆုံ

 

ဇေယျာသီရိ၊ ဇွန် ၁၈

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံး၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်းမှ မြို့နယ်အတွင်းရှိ အုပ်စုပါတီ ဥက္ကဌများ ပရဟိတအသင်းများနှင့် တွေ့ဆုံပြီး အော်ဂဲနစ်စံပြစိုက်ကွင်းများ အကောင်အထည်ဖော် စိုက်ပျိုးကြရန် ပရဟိတအသင်း (၁၀) သင်းမှ စိုက်ကွင်း (၁၀) ကွင်းအားစတင်၍ စမ်းသပ်စိုက်ပျိုသွားမည် ဖြစ်ကြောင်း လိုအပ်ချက်ရှိသော နည်းပညာများ မျိုးစေ့များကိုလည် သက်ဆိုင်ရာ စိုက်ပျိုးရေး အဖွဲ့များနှင့် ပေါင်းစပ်၍ ကူညီဆောင်ရွတ်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီနာယက ဦးခင်မောင်ဌေး ဥတ္တရခရိုင်ကော်မတီဝင် ဦးဖိုးသိန်း မြို့နယ်ပါတီဥက္ကဌ ဦးနိုင်ဦးနှင့် မြို့နယ်ကော်မတီဝင်များ အုပ်စုအလိုက် ပါတီဥက္ကဌများ စုံလင်စွာ တက်ရောက် ခဲ့ကြပါသည်။