ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ရာသို့ သွားရောက်အားပေး

 

ဖျာပုံ ဖေဖော်ဝါရီ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နယ်လှည့်ဆေးကုသရေးအဖွဲ့၏ ယနေ့တတိယမြောက်နေ့တွင် ဖျာပုံ မြို့နယ် အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု အရှေ့ဖျားကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲမှစတင်၍ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်နှင့် အဖွဲ့က လာရောက်ဆေးကုသသည့် ပြည်သူများအားတွေ့ဆုံအားပေးစကား ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မျက်စိအထူးကုဆရာဝန်နှစ်ဦး၊ အထွေထွေရောဂါကု ဆရာဝန် နှစ်ဦးတို့သည် ဘဝသစ်ကျေးရွာအုပ်စု အရှေ့ဖျားကျေးရွာ၊ နောက်မီးကျေးရွာအုပ်စု ဥပေကျေးရွာ များမှ ပြည်သူ ၄၇၈ ဦးအား အခမဲ့ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းတို့အား ပြုလုပ်ပေးခဲ့သည်။

အခမဲ့ဆေးကုသရာသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်နှင့်ဇနီး၊ ဒေါက်တာ မြတ်မြတ်အုန်းခင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ သွားရောက်အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။