ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ် ဘေးချောင်ကျေးရွာမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

ဟင်္သာတ ဖေဖော်ဝါရီ ၉

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ယမန်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ် ဘေးချောင်ကျေးရွာအုပ်စု ဘေးချောင်ကျေးရွာ၌ ကျေးလက်နေ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌက မိတ်ဆက်ပေးကာ တွေ့ဆုံပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများက သိလိုသည်များ မေးမြန်း ခြင်းနှင့် ဒေသခံပြည်သူများကြုံတွေ့နေရသည့် အခက်အခဲအကျပ်အတည်းများ ရင်ဖွင့်ပြောကြားခြင်းကို ပါတီဗဟို အတွင်းရေးမှူးက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေ အနေများ၊ ပညာရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကာ မိမိတို့ပါတီအနေဖြင့် ပြန်လည်ဦးဆောင် ခွင့်ရရှိပါက ပြည်သူများ၏ အခက်အခဲအကျပ်အတည်းများကို ဦးစွာဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီ၏ ကဏ္ဍရေးရာအလိုက် အာမခံချက်ကိုးချက်အား အကျယ်တဝင့်ရှင်းလင်း ပြောကြားပြီး ပါတီ၏မူဝါဒ လမ်းစဉ်များကို ရှင်း လင်းချပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌ ဟင်္သာတမြို့နယ် ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ရပ်ကွက်၊ကျေးရွာဥပါတီက္ကဋ္ဌများ၊ အဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများနှင့် ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ နယ်မြေခံပါတီကော်မတီဝင်များ အနေဖြင့် မိမိ နယ်မြေများအလိုက် တာဝန်ဝတ္တရားများ၊ တာဝန်ယူထားမှုအခြေအနေများကို ရှင်းလင်းခြင်း၊ နယ်မြေကွင်းဆင်းမှု အခြေအနေများကို တင်ပြခြင်းနှင့် ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ပါတီကော်မတီဝင်များ အနေဖြင့် မိမိတို့၏တာဝန်ဝတ္တရားများ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ မူဝါဒများ ကို ရှင်းလင်းချပြခြင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌအနေဖြင့် မိမိ၏တာဝန်ဝတ္တရားများနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များကို ရှင်းလင်း ချပြဆွေးနွေးခြင်းနှင့် တက်ရောက်သူများက အသီးသီးတစ်ဦးချင်းစီ ဆွေးနွေးရှင်းလင်းခဲ့မှုအပေါ် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခြင်း၊ ပါတီ၏ရှေ့လုပ်ငန်းစဉ် များအား ရှင်းလင်းခြင်း၊ ပါတီအောင်နိုင်ရေးလုပ်ငန်းစဉ်များအား ရှင်းလင်း၍ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။