ချန်ပီယံ လီဗာပူးလ်နဲ့ မန်စီးတီးတို့ အုပ်စုချောင်ခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်များ

ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေ ရေးဆွဲမှုကို မိုနာကိုမှာ ကျင်းပပြုလုပ်ခဲ့ရာ လက်ရှိ ချန်ပီယံ လီဗာပူးလ်က အုပ်စုတွင်း အတူကျခဲ့တဲ့ နာပိုလီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ပြည်တွင်း ဖလား ၃လုံးပိုင်ရှင် မန်စီးတီးက အုပ်စု ချောင်ခဲ့ပါတယ်။ စပါးက ဘိုင်ယန်နဲ့ တစ်အုပ်စုတည်းကျခဲ့ပြီး ချယ်လ်ဆီးကတော့ ခြေရည်တူ အသင်းတွေနဲ့ ကစားရမှာပါ။ အုပ်စု ပွဲစဉ်တွေ ခွဲအပြီးတော့ ဘာစီလိုနာ၊ ဒေါ့မန်၊ အင်တာမီလန်တို့ ပါဝင်တဲ့ အုပ်စု F အကျပ်ဆုံး ဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စု အဆင့်ပွဲစဉ်တွေကို စက်တင်ဘာ ၁၇ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဖိုင်နယ်ပွဲ ကိုတော့ လာမယ့်နှစ် မေလ ၃၀ရက်နေ့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ မှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။ UEFA