လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များ ထွက်ပေါ်လာ

အင်္ဂလန်လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များကို မဲနှိုက်ရေးဆွဲခဲ့ရာတွင် ပရီးမီးယားလိဂ်ထိပ်သီးအသင်း အများစုသည် မခက်ခဲသည့်ပြိုင်ဘက်များနှင့်သာ ဆုံတွေ့ခဲ့သည်။ လက်ရှိချန်ပီယံ မန်စီးတီးသည် အဝေးကွင်းတွင် ပရက်စတန်နော့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်၍ စတုတ္ထအဆင့်သို့ လွယ်ကူစွာ တက်ရောက် သွားဖွယ်ရှိသည်။ အခြားပရီးမီးယားလိဂ်ထိပ်သီးအသင်းများ၏ ပွဲစဉ်များအဖြစ် လီဗာပူးသည် အဝေးကွင်း၌ အမ်ကေဒွန်းနှင့် လည်းကောင်း၊ မန်ယူသည် အိမ်ကွင်း၌ ရို့ခ်ျဒေးအသင်းနှင့်လည်းကောင်း၊ ချဲလ်ဆီးသည် အိမ်ကွင်း၌ ဂရင်းစ်ဘီနှင့် မက်လက်စ်ဖီးလ်ပွဲစဉ်မှ အနိုင် ရသည့်အသင်းနှင့် လည်းကောင်း၊ အာဆင်နယ်သည် အိမ်ကွင်း၌ ဖောရက်စ်နှင့်လည်းကောင်း၊ စပါးသည် အဝေးကွင်း၌ ကိုချက်စတာယူနိုက်တက်နှင့်လည်းကောင်း ယှဉ်ပြိုင် ကစားရမည်ဟု သိရသည်။ အင်္ဂလန်လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များကို လာမည့်စက်တင်ဘာလ အတွင်း၌ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။ Ref ;Guardian