ဂျပန်နိုင်ငံတောင်ပိုင်းတွင် စံချိန်တင်မိုးရွာသွန်းမှုပြီး ရေကြီးရေလျှံမှုဖြစ်ပွား လူပေါင်းရှစ်သိန်းခွဲနီးပါးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ဂျပန်နိုင်ငံတောင်ပိုင်းရှိ ကျူးရှူးကျွန်းပေါ်တွင် စံချိန်တင် မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ရေ ကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများဖြစ်ပွားပြီး အနည်းဆုံး လူနှစ် ဦးသေဆုံးခဲ့ရသည်။ အဆိုပါဖြစ် စဉ်များကြောင့် အာဏာပိုင်များက ရှားပါးသည့် သတိပေးချက်များ ထုတ်ပြန်ပြီး လူပေါင်းရှစ်သိန်းခွဲ နီးပါးအား ဘေးလွတ်ရာသို့ရွှေ့ ပြောင်းရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

ဆာဂါနယ်မြေတွင်ကားတစ်စီး ရေစီးဖြင့်မျောပါမှုကြောင့် ကားမောင်းသူ အမျိုးသားတစ်ဦးသေဆုံးခဲ့ရသည်။ ဆာဂါနယ်မြေရှိ အချို့ နေရာများတွင် မိုးရေချိန်သည် တစ်နာရီလျှင် လေးလက်မခန့်ရွာသွန်းသည်ဟု NHK သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ ဖူကူ အိုကာနယ်မြေတွင် နောက်ထပ် အမျိုးသားတစ်ဦးသည် ၄င်း၏ ကားအတွင်းမှအပြင်သို့ ထွက်လိုက် စဉ်ရေစီးဖြင့် မျောပါသွားကာ သေဆုံးခဲ့သည်။ 

ရုပ်သံဌာနမှဖော်ပြသည့်ဓာတ်ပုံ များအရ ကားလမ်းနှင့် ရထား ဘူတာရုံများသည်ရေများ လွှမ်းမိုး နေပြီး မြစ်ပေါင်းများစွာတို့မှ မြစ် ရေလျှံမှုဖြစ်ပွားပြီးနောက် လူသွား လမ်းများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေကာ ပြည်သူများသည် ဒူးခေါင်းလောက်ရှိသည့်ရေများထဲတွင် ခက်ခဲစွာသွားလာနေရသည်ဟု သိရသည်။

ကျူးရှူးပြည်နယ်ရှိ တိုယိုတာမော်တော်ကားထုတ်လုပ် သည့်စက်ရုံနှင့် Daihatsu မော် တော်ကား %8