အိန္ဒိယ၀န်ကြီးချုပ် မိုဒီ၏ပါတီ အရေးပါသော တောင်ပိုင်းပြည်နယ် ရွေးကောက်အနိုင်ရ

ဘင်ဂါလူရူး- ယုံကြည်မှုရှိကြောင်း ပြသသော မဲခွဲဆုံးဖြတ်မှုတွင် မဟာပြိုင်ဘက် ကွန်ဂရက်ပါတီကို နှာတစ်ဖျား အသာဖြင့် အနိုင် ရရှိပြီးနောက် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ BJP ပါတီသည် နိုင်ငံတောင်ပိုင်း ကာနာတာကာ ပြည်နယ်တွင် အာဏာပြန်လည် ရယူမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ နည်းပညာ ထွန်းကားရာ ဘင်ဂါလူရူးမြို့ တည်ရှိသော ကာနာတာကာပြည်နယ်သည် တောင်ပိုင်း ပြည်နယ် ငါးခုအနက် BJP အာဏာရရှိ သည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။ ကာနာတာကာပြည်နယ်ဝန်ကြီးချုပ် ကူမာရာဆွာမိက ပြည်နယ် အုပ်ချုပ်ရေးမှူး ဗာဂျူဘိုင်ဗာလာထံတွင် ၎င်း၏ နုတ်ထွက်လွှာတင်ခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးက ၎င်း၏ နုတ်ထွက်လွှာကို လက်ခံသော်လည်း BJP အစိုးရတက်လာချိန်အထိ ယာယီဝန်ကြီးချုပ် အဖြစ် ဆက်လက် တာဝန်ယူခိုင်းခဲ့သည်။ ယခုလစောစောပိုင်းတွင် ယင်းပြည်နယ်ရှိ ကွန်ဂရက်ပါတီ မဟာမိတ်အဖွဲ့မှ ပြည်နယ် လွှတ်တော်အမတ် တစ်ဒါဇင်ကျော် နုတ်ထွက် ပြီးနောက် ပြည်နယ်လွှတ် တော်လူများစု နေရာရရှိရေး အပြိုင်အဆိုင် ဖြစ်လာသည်။ ကာနာတာကာ ပြည်နယ်တွင် ရှုံးနိမ့်ခြင်းသည် ဒီမိုကရေစီ ရှုံးနိမ့်မှုဖြစ်သည်ဟု ကွန်ဂရက်ပါတီက ပြောသည်။ ဒီမိုကရေစီကို ဆန့်ကျင်သော BJP ပါတီ ပူးပေါင်းကြံစည်မှုကြောင့် မိမိတို့ ပြည်နယ် ရွေးကောက်ပွဲ ရှုံးခဲ့သည်ဟု ကွန်ကရက် ပါတီက ထုတ်ပြန်ပြောကြားသည်။      —Ref: Reuters