ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီလုပ်ငန်း အစည်းအဝေး ပြုလုပ်

 

ရန်ကုန် ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ် အစည်းအဝေးအား ရက်သတ္တပတ်၏ ကြာသပတေးနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ပါတီရုံး ခန်းမ၌ ပြုလုပ် ခဲ့သည်။

ထိုအစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးရွှေဘော် (ခ) ဦးဝင်းထွန်းနိုင်က တစ်ပတ်အတွင်း ရေးရာအလိုက် ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် အခက်အခဲများ၊ လိုအပ်ချက်များ၊ ရှေ့တစ်ပတ်စာ ဆောင်ရွက်ချက်များ၊ ဆွေးနွေး မေးမြန်းခဲ့သည်။ ဆက်လက်၍ မေလ ၂၄ ရက်နေ့က ကျင်းပခဲ့သော အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာသုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ဗုဒ္ဓဝံသဗဟုသုတဓရဘွဲ့နှင့် ဗုဒ္ဓဝံသဝိသာရဒဘွဲ့ကို တစ်နိုင်ငံလုံး ပထမဆု အား ဆွတ်ခူးနိုင်ခဲ့သည့် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်၊ နတ်စင်ကုန်းကျေးရွာနေ ဒေါက်တာထာလင်း၏ သမီးဖြစ်သူ မဆုလာဘ်ထာအား မြို့နယ်ပါတီ အနေဖြင့် ဂုဏ်ပြုချီးမြှင့်ပေးမည့် အစီအစဉ်များကို အစည်းအဝေး ဆုံးဖြတ်ချက် အတည်ပြုကာ တက်ရောက်လာကြသူ မြို့နယ်ပါတီ ကော်မတီဝင်များက မိမိဆောင်ရွက်ရမည့် ရေးရာအလိုက် မရှင်းလင်းသည်များကို ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)