သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီမှ မိုးရာသီအကြို ဘောလုံးပြိုင်ပွဲ တက်ရောက်ဆုချီးမြှင့်

 

သံတွဲ မေ ၂၈

သံတွဲမြို့နယ် တုံးတောကျေးရွာအုပ်စု ပန်းတောကျေးရွာတွင် ကျင်ပပြုလုပ်သော မိုးရာသီအကြို ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၄း၀၀) အချိန်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစန်းနိုင်၊ နယ်မြေတာဝန်ခံ မြို့နယ်ကော်မတီဝင် ဦးခင်ဦး၊ ရပ်/ကျေး ဥက္ကဌ ဦးစောဖေနှင့် ပါတီဝင်လူငယ်များ တက်ရောက်၍ ဆုရရှိသော အသင်းများအား ဥက္ကဌနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပြီး ဗဟိုပါတီဥက္ကဌ ဦးသန်းဌေးပုံ ပါရှိသော ပြက္ခဒိန်များ ပေးအပ်ကာ ဆုရအသင်းများဖြင့် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခဲ့သည်။ Aung Myo Oo