ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်းစကားဝိုင်း ကျင်းပ ပြည်သူနှင့်တွေ့ဆုံ

 

ကြို့ပင်ကောက် မေ ၂၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးဝင်းမြင့်စိုးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ လိုက်ပါသောအဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က ဘုကြီးအုပ်စု ပုဏ္ဏားရိပ်ကျေးရွာရှိ ဦးထွန်းနိုင် (မြို့နယ်ပါတီ ကော်မတီဝင်) နေအိမ်တွင် ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်ခဲ့ သည်။

အဆိုပါ စကားဝိုင်းတွင် ဗဟိုကော်မတီဝင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အဖွဲ့တို့က အခက်အခဲ တင်ပြသူတို့အား သိကောင်းစရာများ ပြောကြားကာ အားပေးနှစ်သိမ့်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)