ကောလင်း ဆင်ဂေါင်းကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ကောလင်း မေ ၂၈

ကောလင်းမြို့နယ် ဆင်ဂေါင်းအုပ်စု ဆင်ဂေါင်းကျေးရွာနေ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးကျော်မြိုင် နေအိမ်တွင် ယမန်နေ့ နံနက် ၁၁နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။

ယင်းဆိုင်းဘုတ်တင်ပွဲကို ကောလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ် အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ သတင်းမီဒီယာများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာ ကြသောရပ်မိရပ်ဖများနှင့် ပါတီဝင်များ ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးပွဲပြုလုပ်ပြီး ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ကျော်လွင်ဦး(ကောလင်း)