အိမ်ရှင်ကို ဂိုးပြတ်အနိုင်ယူပြီး အာဂျင်တီးနားအသင်း ကိုပါအမေရိက ဗိုလ်လုပွဲသို့ တက်ရောက်

13516379_1730026207250263_7420871273157462029_n

အမေရိကန် ၀-၄ အာဂျင်တီးနား

ယနေ့နံနက် ယှဉ်ပြိုင်ကစားခဲ့သည့် ရာပြည့်ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အာဂျင်တီးနားအသင်းက အိမ်ရှင်အမေရိကန်အသင်းကို ဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

အမေရိကန်အသင်းက ဒမ်ဆေး၊ ဇာဒက်စ်၊ ၀န်ဒိုလောစကီး၊ ဘရက်ဒ်လေတို့နှင့် အာဂျင်တီးနားအသင်းကို ရင်ဆိုင်ကစားခဲ့သော်လည်း အာဂျင်တီးနားဂိုးပေါက်ကို တစ်ကြိမ်မှ ခြိမ်းခြောက်နိုင်ခြင်းမရှိသည်အထိ ဖြစ်ခဲ့ရသည်။

အာဂျင်တီးနားအသင်းက မက်ဆီ၊ ဟီဂွါအင်၊ လာဗက်ဇီတိုက်စစ်အတွဲဖြင့် အိမ်ရှင်အသင်းကို ပွဲချိန်ပြည့်အသာစီးယူ ကစားကာ ဂိုးပြတ်နိုင်ပွဲကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အာဂျင်တီးနားအသင်းအတွက်ဂိုးများကို ပွဲအစ(၃)မိနစ်တွင် လာဗက်ဇီ၊ (၃၂)မိနစ်တွင် မက်ဆီ၊ (၅၀)နှင့် (၈၆)မိနစ် တွင် ဟီဂွါအင်တို့က သွင်းယူခဲ့ခြင်းဖြစ်သည်။

မက်ဆီသည် လက်ရွေးစင်အသင်းအတွက် (၅၅)ဂိုးမြောက် ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် အာဂျင်တီးနားလက်ရွေးစင် အသင်း၏ ဂိုးသွင်းအများဆုံး စံချိန်ရှင်လည်း ဖြစ်လာခဲ့သည်။

-Ref; AFP


Leave a Reply