ဘရာဇီး အမျိုးသားဘောလုံးအသင်း အိုလံပစ်ရွှေတံဆိပ် ပထမဆုံးအကြိမ် ဆွတ်ခူး

အသင်းခေါင်း ဆောင်နေမာ၏ နောက်ဆုံးပင် နယ်တီအဆုံးအဖြတ်ဂိုးနှင့်အတူ အိမ်ရှင်ဘရာဇီးအသင်းက ဂျာမနီ ကို ၅-၄ ဂိုးဖြင့် အနိုင်ရပြီး ပထမ ဆုံးအမျိုးသားအိုလံပစ်ဘောလုံး ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

Brazil

နေမာ၏ ပထမပိုင်းအလွတ် တည်ကန်ဘောမှတစ်ဆင့် သွင်းဂိုးကို ဂျာမနီမှ မက်စ်မေယာက ချေဖျက်ခဲ့ပြီးနောက် အချိန်ပိုကစားရာ တစ်ဖက်တစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။ ယင်းနောက် ပင်နယ်တီအဆုံးအဖြတ်တွင် ဂျာမနီမှ နီးလ် ပီတာဆန်၏ ကန်သွင်းချက်ကို ဘရာဇီးဂိုးသမား ၀ီဗာတန် ကာကွယ်ခဲ့ပြီး ဘရာဇီးအနိုင်သေချာ စေမည့် ပင်နယ်တီကို နေမာက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

ဘရာဇီးသည် ၁၉၈၄၊ ၁၉၈၈နှင့် ၂၀၁၂  ဗိုလ်လုပွဲများတွင် ရှုံးပွဲများ ကြုံခဲ့ပြီးနောက် ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၂၀၁၄ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲတွင် ဂျာမနီကို ၇-၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး ၂ နှစ်အကြာ၌ အိုလံပစ်ရွှေတံဆိပ်ဆုကို ရရှိခြင်းဖြစ်သည်။

ဘရာဇီးဂိုးသမား ၀ီဗာတန်က ‘‘ဒီရွှေတံဆိပ်ဆုဟာ ကျွန်တော်တို့ဟာပါ။ ဒါပေမဲ့ အဲဒါကို ဘုရားသခင်ပိုင်ပါတယ်။ ဘုရားသခင်က ဒီအသင်းကို နေမာ ချစ်သလိုပဲ သူ့ကို ဘုရားသခင်က ချစ်ပါတယ်’’ ဟု ပြောကြားသည်။

ထိုအတောအတွင်း ကမ္ဘာ့ဖလားသုံးကြိမ်ရ ဘရာဇီးဘောလုံးဂန္ထ၀င်ဘောလုံးသမားကြီး ပီလီက ဘရာဇီးနိုင်ငံ၏ သမိုင်းဝင် ပထမဆုံး အိုလံပစ်အမျိုးသားဘောလုံး ရွှေတံဆိပ်ဆု သည် ရီယိုအိုလံပစ်ပွဲအတွက် ပြီးပြည့်စုံသော အဆုံးသတ်တစ်ခုဖြစ်သည်ဟု ပြောသည်။

ထိုအတောအတွင်း ကြေးတံဆိပ်လုပွဲတွင် နိုင်ဂျီးရီးယားက ဟွန်ဒူးရပ်စ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး နိုင်ဂျီးရီးယား အသင်းခေါင်းဆောင်ဟောင်း ချယ်လ်ဆီး ကွင်းလယ်လူ ဂျွန်မီဆေးလ်အိုဘီ က ‘‘ဒီအသင်းအတွက် ကျွန်တော် အရမ်း ဂုဏ်ယူပါတယ်’’ဟု ပြော ကြားသည်။

ဘရာဇီးသည် ယခုဗိုလ်လုပွဲ မတိုင်မီ ၁၂ ဂိုးသွင်းခဲ့ပြီး နေမာက သုံးဂိုးသွင်းယူမူမတိုင်မီ  ပရိသတ်များ၏ ဝေဖန်မှု များနှင့် ရင်ဆိုင်ခဲ့ရပြီး ဘရာဇီး အမျိုးသမီးအသင်းခေါင်းဆောင် မာတာကို ၎င်းနေရာတွင် အစားထိုးရန် တိုက်တွန်း ခဲ့ကြသည်။

သို့သော် ဘရာဇီးအတွက် နေမာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ပရိသတ်များ၏ အားပေးမှုပြန်လည်ရရှိခဲ့ကာ ရွှေတံဆိပ် ဆုရယူပေးနိုင်ခဲ့သည်။

နေမာသည် နောက်ဆုံးအ ဆုံးအဖြတ် ပင်နယ်တီကို ကန် သွင်းပြီးနောက် ကွင်းထဲလှဲချ ကာ ငိုကြွေးခဲ့ပြီး ‘‘ကျွန်တော့်မှာ ပြော စရာစကားမရှိဘူး’’ဟု ပြောကြားခဲ့သည်။


Leave a Reply