ပေါက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့်အဖွဲ့ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်

 

ပေါက် မေ ၂၂

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် တောင်မြင့်ကျေးရွာအုပ်စု သစ်ညီနောင်ကျေးရွာတွင် ကျင်းပသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) စာသင်ကျောင်ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ ပေါက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမြင့်စိုးဝင်းနှင့် မြို့နယ် ကော်မတီဝင် ဦးဖုန်းမြင့်ကျော် တို့ တက်ရောက်အားပေး ခဲ့ကြကြောင်း သိရသည်။    နွယ်နီနိုင်(ချောက်)