ပြည်ခိုင်ဖြိုးပါတီ ကျေးလက်စကားဝိုင်း ပြုလုပ်ခြင်း

 

လှည်းကူး၊မေ ၁၂၊ ၂၀၁၉

ရန်​ကုန်​တိုင်းဒေသကြီး၊​ မြောက်​ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဒါးပိန်​တိုက်​နယ်​ရှိ​ ကျေးရွာ​နေ ပြည်​သူများအား ယမန်နေ့ ​နေ့လည်​ (၁၅:၀၀ မှ ၁၇:၀၀) တွင် ပါတီဌာနချုပ်​မှ ဗဟိုစည်းကမ်းထိမ်းသိမ်း​ရေး​ ကော်​မတီဝင် ​​ဒေါက်တာဦး​ဌေးဝင်း၊ ဌာနခွဲမှူး ဦးမြဝင်း ဦးဆောင်၍ ဒါးပိန်​​မြောက်​တိုက်​နယ်​ အတွင်းရှိ ရပ်​​ကျေးပါတီဥက္ကဌ ဦးပေါ်ထွန်း၏ ​နေအိမ်တွင် ကျေးရွာရှိ ပါတီဝင် ပြည်သူများနှင့်တွေ့ဆုံ ကာ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပါတီ၏ မူဝါဒသဘောထားများ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သိကောင်းစရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ဗဟို​ကော်​မတီဝင်​​ ဒေါက်​တာဦး​နေလင်း၊ တိုင်း​ကော်​မတီဝင်​ ဦးသန်းမြင့်​၊ ခရိုင်​အတွင်း​ရေးမှူး ဦမျိုးဇော်​၊ ခရိုင်​​ကော်​မတီဝင်​၊ လှည်းကူးမြို့နယ်​ တာဝန်​ခံ ​ဒေါ်ချမ်းမြ​အေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြတ်​စိုး၊ မြို့နယ်​​ကော်​မတီဝင်​များ၊ ဒါးပိန်​​မြောက်​တိုက်နယ် တာဝန်ခံ ဦး​ပေါ်ထွန်းနှင့် အဖွဲ့ဝင်​များ၊ ရပ်​မိရပ်​ဖများ တက်​​ရောက်​ ခဲ့ကြပါသည်​။