ပြည်ခိုင်ဖြိုးပါတီ ကျေးလက်စကားဝိုင်း ပြုလုပ်ခြင်း
လှည်းကူး၊မေ ၁၂၊ ၂၀၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဒါးပိန်တိုက်နယ်ရှိ ကျေးရွာနေ ပြည်သူများအား ယမန်နေ့ နေ့လည် (၁၅:၀၀ မှ ၁၇:၀၀) တွင် ပါတီဌာနချုပ်မှ ဗဟိုစည်းကမ်းထိမ်းသိမ်းရေး ကော်မတီဝင် ဒေါက်တာဦးဌေးဝင်း၊ ဌာနခွဲမှူး ဦးမြဝင်း ဦးဆောင်၍ ဒါးပိန်မြောက်တိုက်နယ် အတွင်းရှိ ရပ်ကျေးပါတီဥက္ကဌ ဦးပေါ်ထွန်း၏ နေအိမ်တွင် ကျေးရွာရှိ ပါတီဝင် ပြည်သူများနှင့်တွေ့ဆုံ ကာ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပါတီ၏ မူဝါဒသဘောထားများ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သိကောင်းစရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ဗဟိုကော်မတီဝင် ဒေါက်တာဦးနေလင်း၊ တိုင်းကော်မတီဝင် ဦးသန်းမြင့်၊ ခရိုင်အတွင်းရေးမှူး ဦမျိုးဇော်၊ ခရိုင်ကော်မတီဝင်၊ လှည်းကူးမြို့နယ် တာဝန်ခံ ဒေါ်ချမ်းမြအေး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြတ်စိုး၊ မြို့နယ်ကော်မတီဝင်များ၊ ဒါးပိန်မြောက်တိုက်နယ် တာဝန်ခံ ဦးပေါ်ထွန်းနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြပါသည်။