ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကျင်းပ

 

ပန်းတနော် မေ ၉

ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီတွင် တွေ့ဆုံ ပွဲကျင်းပရာ မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ကြသည်။

အခမ်းအနားအား မြို့နယ်ပါတီအတွင်းရေးမှူးက အမှာစကားပြောကြားပြီး လူငယ်ရေးရာတာဝန်ခံ ဦးစလင်းထွန်း က လူငယ်ရေးရာ ကဏ္ဍအား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် သင်တန်းသားနှစ်ဦးက သင်တန်းအတွေ့ အကြုံအား ဆွေးနွေးပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။  မောင်ခိုင်ဖြိုး(ပန်းတနော်)