အင်းတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်များတင် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး

 

အင်းတော် မေ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး အုပ်စုပါတီ ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲက အင်းတော်မြို့နယ် သောင်မြင်းကျေးရွာအုပ်စု ကွင်းချောင် ကျေးရွာ ဦးဆန်းဝင်း နေအိမ်တွင်လည်းကောင်း၊ နံနက် ၁၁ နာရီ၌ လက်ပန်တန်း ကျေးရွာအုပ်စု ထန်းတော ကျေးရွာ ဦးကျောက်ခဲ နေအိမ်တွင်လည်းကောင်း နေအိမ်အသီးသီး၌ ပါတီဆိုင်းဘုတ်အား အောင်သပြေ အမွှေးနံ့သာရည် ပက်ဖျန်းကာ စိုက်ထူခဲ့ကြသည်။

ဆိုင်းဘုတ်တင်ပွဲသို့ ကသာခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းဇော်မြင့်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးဇော်လင်းထွေးနှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်လွင်ဦး၊ မဲဇာအထက် ဒေသခံ ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ သက်ဆိုင်ရာ ကျေးရွာများမှ ပါတီဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခင်းအကျင်းနှင့် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံရေး ရပ်တည်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာထွန်း