ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်များနှင့် ရန်ကုန်တိုင်း၊ ခရိုင်မြို့နယ်ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံ

 

ရန်ကုန် ။ ဧပြီ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသည့် ဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ် ရန်ကုန်တိုင်း တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ၊ ရန်ကုန်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုး တို့သည် ယမန်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က၊ တိုင်းပါတီ အစည်းအဝေး ရုံးခမ်းမ၌ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခရိုင် (၄) ခရိုင်မှ ခရိုင်ပါတီဥက္ကဌများ၊ မြို့နယ်အသီးသီးတို့မှ ပါတီဥက္ကဌများ၊ လူငယ်နှင့် အမျိုးသမီးရေးရာ တာဝန်ခံများနှင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ ခဲ့သည်။

ထိုအလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး ပါတီတာဝန်ခံ ဦးခင်ရီမှ ယနေ့ ပါတီစည်းရုံးရေး လုပ်ငန်း စဉ်များ ၊ ပါတီအောင်နိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြား ခဲ့သည်။

ထို့နာက် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်စိုးမှ ပါတီ၏မှုဝါဒများ၊ ပူးပေါင်းဆောင်ရွက် မှုများ၊ တိုင်းအတွင်း ခရိုင်မြို့နယ်အလိုက် အားနည်းအားသာ နှိုင်းယှဉ်ချက်များအား ဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့် အဆင့်ဆင့်သော ပါတီတာဝန်ရှိသူများမှ အပြန်အလှန်ဆွေးနွေးကာ အစည်းအဝေးကို နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်တွင် ပြီးဆုံးခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းအတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ တိုင်းပါတီကော်မတီများ၊ ခရိုင် (၄) ခရိုင်တို့မှ ခရိုင်ပါတီဥက္ကဌများနှင့် ခရိုင်ကော်မတီများ၊ မြို့နယ်ပါတီဥက္ကဌများနှင့် လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာ တာဝန်ခံများ စုပေါင်း အင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။   မြတ်ဟိန်းကျော်(ကော့မှူး)