ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မီးသတ်သင်တန်းဖွင့်ပွဲတက်ရောက်

 

ပန်းတနော် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂ဝ၁၉)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြို့ပေါ်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပန်းတနော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းကို ပန်းတနော်မြို့နယ်အတွင်းရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်သင်တန်းသား ၆ဝတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက် သတ္တလေးပတ်ကြာမြင့်မည်ဖြစ်ပြီး မီးသတ်ပညာရပ်များနှင့်သဘာဝဘေး အန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို သင်ကြားပေးသွားမည်ဖြစ်သည်။

မောင်ခိုင်ဖြိုး(ပန်းတနော်)