စလင်းမြို့နယ် ပြည်ခိုင်ဖြိုး သင်ထောက်ကူပစ္စည်းများထောက်ပံ့

 

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ် ကော်မတီဝင်ဦးဌေးအောင်၊ ကူဖြူကျေးရွာအုပ်စုပါတီဥက္ကဋ္ဌဦးမြင့် ဌေးနှင့် စာစီကျောင်းကျေးရွာမှ အလှူရှင်ဦးမြင့်ရွှေတို့သည် ယနေ့နံနက်က စလင်းမြို့နယ် ရွာမှတ်ကျေးရွာအမကကျောင်းတွင် ကျောင်းသား ကျောင်းသူ ၄၆ ယောက်ကို လွယ်အိတ်တစ်လုံး၊ ဗလာစာအုပ်တစ်ဒါဇင်၊ ဘောပင်နှစ်ချောင်း၊ ခဲတံနှစ်ချောင်း၊ ပေတံတစ်ချောင်းတို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နွယ်နီခိုင်(ချောက်)