ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ယမန်နေ့ကပြုလုပ်သော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ လစဉ်ပြုလုပ်နေသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မလှိုင် မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး၌ ပြုလုပ်ခဲ့ပြီး ရှေးဦးစွာ နိုင်ငံတော်သီချင်း သံပြိုင် ရွတ်ဆိုဖွင့်လှစ်ခဲ့သည်။

မိတ္ထီလာခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိုးသိန်းက ပါတီလုပ်ငန်းစဉ်များအားရှင်းလင်း ပြောကြားခဲ့သည်။ လစဉ်ပုံမှန်လုပ် ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ခရိုင် ပါတီဥက္ကဋ္ဌ၊ မလှိုင်မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာပါတီဝင်များ၊ လူငယ်များ နှင့်အမာခံကေဒါများစုစုပေါင်းအင် အား ၁ဝဝ ကျော် တက်ရောက်ခဲ့ပြီး အစည်းအဝေးကို နံနက် ၁၁ နာရီ အထိပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုဘို(မလှိုင်)