မန္တလေးတိုင်းဒေသကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်

 

ဧပြီ- ၂၅
မန္တလေး

မန္တလေးတိုင်းဒေသကြီးရှိ တိုင်းဒေသကြီးပါတီရုံးခန်းမတွင် ယနေ့ မနက်(၉း၀၀) အချိန်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင် ပါတီဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ဒေါက်တာနန္ဒာလှမြင့်၊ ဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ဒေါ်ကျော့ယဉ်ဝင်းနှင့် တိုင်းလူငယ်တာဝန်ခံ ဒေါ်သိင်္ဂီအောင်တို့ တက်ရောက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြို့နယ်ပါတီဥက္ကဌများ လူငယ်ပါတီဝင်များ စုစုပေါင်းအင်အား(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။