စပိန်စူပါဖလားပွဲစဉ်ကို ဆော်ဒီအာရေဗျ နိုင်ငံတွင် ကျင်းပရန် စပိန်ဘောလုံးအဖွဲ့ချုပ်စီစဉ်

စပိန်ဘောလုံးအဖွဲ့ချုပ်မှာ စပိန်စူပါဖလားပွဲစဉ်ကို ဆော်ဒီအာရေဗျနိုင်ငံတွင် သွားရောက်ကျင်းပရန်အတွက် ဆောဒီအာရေဗျအာဏာပိုင်များနှင့် ဆွေးနွေးနေကြောင်း မာကာသတင်းစာ ဖော်ပြသွားခဲ့သည်။

စပိန်စူပါဖလား ပြိုင်ပွဲအတွက် တစ်နှစ်ကို ယူရို သန်း ၃၀ နှင့်အတူ ၆ ချုပ် စာချုပ် ချုပ်ဆိုရန်ကြိုးပမ်းနေသည်ဟု သိရသည်။ သို့သော်လည်း အဆိုပါနှုန်းထားနှင့် စာချုပ်သက်တမ်းမှာ အကြမ်းအားဖြင့် သဘောတူညီမှု ရယူရန် သတ်မှတ်ထားခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက်အနေဖြင့် အသေးစိပ်ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်သည်။ ပြီးခဲ့သည့် စပိန်စူပါဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံ၊ တန်ဂျီရာမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ စူပါဖလားပြိုင်ပွဲကို လာလီဂါချန်ပီယံအသင်းနှင့် ကိုပါဒယ်ရေးဖလားချန်ပီယံနှစ်သင်းသာ ယှဉ်ပြိုင်ကြလေ့ ရှိသော်လည်း လာမည့် ၂၀၂၀ ခုနှစ်မှစတင်ပြီး အသင်းလေးသင်း ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲအဖြစ် ပြောင်းလဲသွားရန် စီစဉ်းထားသည်။

-Ref:Skysports