ရေကြည်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်ထူကိုယ်ထ ကျေးရွာချင်းဆက်ကျောက်ခင်းရန်ငွေလှူဒါန်း

 

ရေကြည် ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး ပု သိမ်ခရိုင် ရေကြည်မြို့နယ် ဘွဲ့ငူ ကျေးရွာအုပ်စု ငပိဆိပ်ကျေးရွာ အတွင်း ထေလာကွင်းကျောင်း ကျောင်းထိုင်ဆရာတော် ဦးဆောင် ပြီး ကျောက်ကြီး ကျောက်ချော လမ်းခင်းရန် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ဥက္ကဋ္ဌဦးကြည်သန်းနှင့် မြို့နယ်ပါတီကော်မတီဝင်ဦးအောင် သက်ဦးတို့သည် ယမန်နေ့ နံနက် ၈ နာရီတွင် ကျောက်ခင်းရန်အတွက် အလှူငွေကျပ်၁ဝဝဝဝဝ ကို ဆရာ တော်ထံလှူဒါန်းခဲ့ပြီး ဆရာတော် က ရေစက်ချတရားဟောကြား ကြောင်း သိရသည်။ လမ်း၏ အရှည်မှာ ပေ၂၆၆ဝ၊ အကျယ်မှာ ၁၂ ပေရှိကြောင်း သိရသည်။

ဆက်လက်၍ ပါတီဥက္ကဋ္ဌ ဦးကြည်သန်းနှင့်မြို့နယ်ပါတီကော် မတီဝင်များသည် ဘွဲ့ငူကျေးရွာ အုပ်စု ငပိဆိပ်ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးရှိုင်းဝေဇော်အိမ်တွင် ရေနွေး ကြမ်း စကားဝိုင်းပြုလုပ်ကြောင်း သိရသည်။

ဆန်းတင့်(ရေကြည်)