ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကံမမြို့နယ် ကျေးလက်ပြည်သူများနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

ကံမ မတ် ၃၁

ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင်ဦး၊ မြို့နယ်ကော်မတီဝင်များနှင့်အတူ ကံမမြို့နယ် စစ္စရံကျေးရွာအုပ်စုနှင့် ပြောင်ကျကျေးရွာတို့တွင် ကျေးလက်နေ ပြည်သူများနှင့်တွေ့ဆုံပြီး ရေနွေးကြမ်းစကားဝိုင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာသိကောင်းစရာများနှင့် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအကြောင်းများ ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။