မန်သဲအုပ်စု ကုန်းကြီး(မန်သဲ)ရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဖောင်းပြင် မတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်ခရိုင် ဖောင်းပြင်မြို့နယ် မန်သဲအုပ်စုကုန်းကြီး(မန်သဲ) ကျေးရွာတွင် ယမန်နေ့ နံနက်၈နာရီက မြို့နယ် ပါတီကော်မတီဝင် ဦးဆန်းဝင်း နေအိမ်၌ ခရိုင်ပါတီကော်မတီဝင် များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ တက်ရောက်အားပေး ကာ အမွှေးနံ့သာရည်များဖြင့် ပက် ဖျန်း၍ဆိုင်းဘုတ်တင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြည်ခိုင်ဖြိုးပါတီဆိုင်း ဘုတ်တင်မြှောက်ပြီးချိန်၌ မြို့နယ် ပါတီကော်မတီဝင် ဦးဆန်းဝင်း နေအိမ်တွင် ပါတီဝင်များနှင့်ရင်းနှီး ဖော်ရွေစွာတွေ့ဆုံပြီး ပါတီလုပ်ငန်း စဉ်များနှင့် ပါတီတွင်းစည်းလုံးညီ ညွတ်ရေးခေါင်းစဉ်ဖြင့်ရေနွေးကြမ်း စကားဝိုင်းကို ပြုလုပ်ခဲ့ကြကြောင်း ဖောင်းပြင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးမျိုးမြင့်အောင်ထံမှ သိရသည်။