(၇၄)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၇

၂ဝ၁၉ ခုနှစ် (၇၄)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်းကြီး၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီစိုးဝင်း တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
ဦးစွာ နံနက်ပိုင်းတွင် ၂ဝ၁၉ ခုနှစ် (၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ကြမည့် တပ်မတော်(ကြည်း၊ရေ၊ လေ)အရာရှိစစ်သည်များ၊ တပ်မတော်(ကြည်း)အမျိုးသမီးစစ်ရေးပြတပ်ခွဲ၊ တပ်မတော်(ရေ)အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ အမျိုးသမီးအထူးတပ်ဖွဲ့ဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီး စစ်ရေးပြတပ်ခွဲတို့သည် စစ်ကြောင်းကြီးများအလိုက် သတ်မှတ်စစ်ရေး ပြကွင်း၌ စတင်နေရာယူကြပြီးစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက် ကြသည်။
ထို့နောက် စစ်ရေးပြမှူးကြီးဦးဆောင်၍ နိုင်ငံတော်အလံကိုင်အဖွဲ့၊ စစ်တီးဝိုင်းအဖွဲ့နှင့်အတူ စုရပ်မှ နေပြည်တော်စစ်ရေးပြကွင်းကြီးအတွင်း သို့ ချီတက်ခဲ့ကြသည်။ ထိုသို့ချီတက်ချိန်တွင် တပ်မတော်အရာရှိကြီး များ၏ဇနီးများ၊ တက်ရောက်လာကြသည့် ပြည်သူများက ဂုဏ်ပြု ပန်းကုံးများစွပ်၍ ကြိုဆိုကြသည်။ ထို၂ဝ၁၉ခုနှစ်(၇၄)နှစ်မြောက် တပ်မ တော်နေ့အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ တပ်မတော်အရာရှိ(ငြိမ်း)များဖြစ်ကြသည့် ပါတီဗဟိုအလုပ်အမှုဆောင်များ တက် ရောက်ခဲ့ကြသည်။
အခမ်းအနားသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း ရောက်ရှိခဲ့ပြီးနောက် (၇၄)နှစ် မြောက် တပ်မတော်နေ့အခမ်းအနားကို သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့သည်။
ထို့နောက် ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မိန့်ခွန်းပြောကြားရာတွင်-
တပ်မတော်အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များပြီး မြောက်စေရေး၊ တိုင်းရင်းသားပြည်သူ လူထုက လိုလားတောင့်တနေသောထာဝရ ငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက် အပ်နှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း။
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက်လည်း တပ်မတော်အနေနဲ့ မည်သည့်လက်နက် ကိုင် သောင်းကျန်းသူကိုမဆို ရှင်းလင်း ရမှာဖြစ်ကြောင်းနှင့် အကြမ်းဖက်ဖြစ်စဉ် များကို ထိထိရောက်ရောက် နှိမ်နင်းသွား မည်ဖြစ်ကြောင်း။
၂ဝ၁၆ ခုနှစ်နဲ့ ၂ဝ၁၇ ခုနှစ်များ အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ARSA အကြမ်းဖက်အဖွဲ့ဟာ နိုင်ငံတော်ရဲ့ အချုပ် အခြာအာဏာကို ထိပါးအကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် နယ်မြေတည်ငြိမ်မှုပျက်ပြားပြီး ဒေသခံ တိုင်းရင်းသားများ အတိဒုက္ခရောက်ခဲ့ရ တယ်။တပ်မတော်အနေနဲ့နယ်မြေအေးချမ်း မှုရှိစေဖို့ အကြမ်းဖက်မှု နှိမ်နင်းရေး Coun ter terrorism နှင့် တည်ငြိမ်မှုစစ်ဆင်ရေး Stability Operation များကို ဆောင် ရွက်ပေးခဲ့ပြီး ပြည်သူလူထုကို အကာ အကွယ်ပေးခဲ့ရတယ်။ နယ်မြေတည်ငြိမ်မှု ပြန်လည်ရရှိပြီးဖြစ်တဲ့ ကျေးရွာများမှာ အကြမ်းဖက်မှုများ ထပ်မံပေါ်ပေါက်မှုမရှိ စေရေး၊ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ကျူးကျော်ဝင် ရောက်လာမှုမရှိစေရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များက ဆက်လက်တာဝန်ယူပေးလျက် ရှိတယ်။ အဲဒီလိုအခြေအနေမျိုးမှာ နယ်မြေ တည်ငြိမ်ရေးနှင့် လုံခြုံရေးဆောင်ရွက်ပြီး ARSA အကြမ်းဖက်အဖွဲ့အန္တရာယ်က ကာကွယ်ပေးနေတဲ့ နယ်ခြားစောင့်ရဲကင်း စခန်းလေးခုကို AA သောင်းကျန်းသူများ ဟာ ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ကြတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နှင့် တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ပေးနေတဲ့ ရဲကင်း စခန်းတွေကို ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်ခြင်းဟာ အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်တာဖြစ်ပြီး နိုင်ငံတော်ရဲ့အချုပ် အခြာအာဏာကို ထိခိုက်စေတာဖြစ်တဲ့ အတွက် တပ်မတော်အနေနဲ့ ထိထိရောက် ရောက် နှိမ်နင်းသွားမှာဖြစ်ကြောင်း။
ထို့ပြင် ပြင်ပပယောဂများကြောင့် တည်ငြိမ်မှုပျက်ပြားခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးဆောင် ရွက်နေချိန်၌ AA သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ဆောင်မှုများသည် ဒေသ တွင်းပြည်သူများနှင့် ဒေသအကျိုးစီးပွား ရေးကိုသာ ထိခိုက်စေမည်ဖြစ်ကြောင်း။
၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ အတွေ့အကြုံများအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိ သည့် နယ်မြေနှင့်ဆက်စပ်နယ်မြေ အချို့ တွင် တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ များဖြစ်ခဲ့သည်ကိုတွေ့ရကြောင်း၊ထို့ကြောင့် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာ စေရန်အတွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံး NCA လက်မှတ်ရေး ထိုးပြီး နိုင်ငံရေးအရ ဆောင်ရွက်သင့်သည် များ ဆောင်ရွက်ကြရန်လည်းလိုကြောင်း ထည့်သွင်းပြောကြားသွားသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား စစ်ရေးပြမှူးကြီး ဦးဆောင် သော စစ်ကြောင်းကြီးများမှ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့်ချီတက် အလေးပြုကြပြီး စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာသွားကြသည်။
ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကြည်း၊ ရေ၊ လေ အလံများကို အသီးသီးချိတ်ဆွဲ၍ အစီအစဉ်အလိုက် ပျံသန်းအလေးပြုကြသည်။
ယင်းနောက် ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စစ်ရေးပြကွင်းကြီးမှပြန်လည် ထွက်ခွာသွားပြီး ၂ဝ၁၉ ခုနှစ် တပ်မတော် နေ့ စစ်ရေးပြအခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

WT၊ သာလှ(ပျဉ်းမနား)