ရုတ်တရက်အနားယူကြောင်းကြေညာသွားတဲ့ ကော်နာမက်ဂရီဂေါ်

UFC – MMA ဖိုက်တာ ကော်နာမက်ဂရီဂေါ်ဟာ ကစားသမားဘ၀မှ အနားယူလိုက်ပြီဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ်ကနေ ရုတ်တရက်ကြေညာလိုက်ပါတယ်။ ကစားသမား ဘ၀တစ်လျှောက်အငြင်းပွားမှုတွေကို အမြဲလိုဖန်တီးလေ့ရှိတဲ့ ဒီအိုင်ယာလန်သားဟာ နာမည်ဆိုးနဲ့ ကျော်ကြားသူတစ်လောက်လည်းဖြစ်ပါတယ်။ သူဟာ MMA ကမ္ဘာ့အဆင့် ၈ မှာ ရပ်တည်နေပြီး ဖယ်သာဝိတ်တန်းနဲ့ လိုက်ဝိတ်တန်းနှစ်ခုမှာ ၂၁-၄-၀ ဆိုတဲ့ ရှုံးပွဲမရှိ ရလဒ်နဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။ မက်ဂရီဂေါ်က ကစားသမားဘ၀ကနေ အနားယူပြီဆိုတာကို သူ့ရဲ့ Twitter အကောင့်ကနေ အခုလိုကြေညာသွားခဲ့ပါတယ်။

မိတ်တွေတို့အတွက် ကြေညာချက်တစ်ခုအမြန်လေးလုပ်ချင်တယ်။ ဒီနေ့မှာ MMA ကစားသမားဘ၀ကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါပြီ ကျွန်တော့်ရဲ့ ပြိုင်ပွဲဝင်ပြိုင်ဘက်ကစားသမားများ အားလုံး အောင်မြင်စွာ ရှေ့ဆက်နိုင်ဖို့ ဆုတောင်းလိုက်ပါတယ်။ အနားယူသွားပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ပူးပေါင်းလိုက်ပါပြီ။ Fellas(ဗလန်စီယာမြို့တွင် နှစ်စဉ်မတ်လ၌ ကျင်းပလေ့ရှိသည့် ပန်းပုရုပ်မီးရှို့ပွဲ) ပွဲတော်ဆီ သွားပြီး Proper Pina Coladas (ရမ်၊ အုန်းနို့နှင့် နာနတ်သီးဖျော်ရည်ကို ရောစပ်ထားသည့် ယမကာတစ်မျိုး) လေးနဲ့ငြိမ့်မယ် ဆိုတဲ့စာသားကို ရေးသားဖော်ပြသွားခဲ့ပါတယ်။ မက်ဂရီဂေါ် ဟာ The Tonight Show မှာ ဂျင်မီဖဲလွန်းနဲ့ လာမယ့်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားဖို့အတွက် အင်တာဗျူးပြုလုပ်အပြီးမှာ ရုတ်တရက် အနားယူကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

-Ref:Skysports