ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး တိုင်းခရိုင်မြို့နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပါတီဗဟိုအလုပ်အမှုဆောင် တက်ရောက်

 

မတ်လ ၁၃

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းခရိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ (၁၃) ရက်နေ့ နေ့လည် (၁၂) နာရီက ရန်ကုန်တိုင်းပါတီ ကော်မတီရုံး စည်းဝေးခမ်းမတွင် ကျင်းပကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းမဝေးသို့ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးခင်မောင်စိုး၊ တိုင်းပါတီအတွင်းရေးမှူး ဒါက်တာကျော်စိုး၊ ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးနှင့် ပါတီဗဟိုကော်မတီဝင်များ တိုင်းပါတီကော်မတီဝင်များ ခရိုင်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ မြို့နယ်ပါတီဥက္ကဌ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ တိုင်းပါတီကော်မတီဝင် စည်းရုံးရေးရာ တာဝန်ခံ ဦးအောင်ကျော်မင်းမှ ရန်ကုန်တိုင်း၏ စည်းရုံးရေးရာ လုပ်ငန်းဆောင်ရွက်နေမှုများ မြို့နယ်များ၏ လက်ရှိအခြေအနေများကို ရှေးဦးစွာ တင်ပြဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာသည့် မြို့နယ်ပါတီဥက္ကဌများမှ ပါတီဝင်အင်အား စိစစ်ရေး လုပ်ငန်းဆောင်ရွက်မှုကို တင်ပြကြသည်။

ထို့နောက် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါက်တာကျော်စိုးမှ စည်းရုံးရေးနှင့် အုပ်ချူ ပ်မှုဆိုင်ရာ ကိစ္စများကို ဆွေးနွေးသည်။ ဆက်လက်၍ ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးမှ ဘဏ္ဍာရေးနှင့်အုပ်ချူ ပ်ထောက်ပံ့ကိစ္စများကို ဆွေးနွေးသည်။ ထို့နောက်ပါတီဗဟိုကော်မတီဝင်များမှ အထွေထွေ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးမှ နိဂုံးချူ ပ်အမှာစကား ပြောကြားရာတွင် မြို့နယ်ပါတီများအနေဖြင့် ပါတီဝင်အင်အား စိစစ်ရာတွင်မြေပြင်အထိ ကွင်းဆင်းဆောင်ရွက်ကြဖို့လိုအပ်ကြောင်း ပါတီဝင်ကဒ်ပြားများ အချိန်နှင့်တပြေးညီထုတ်ပေးနိုင်ဖို့လိုအပ်ကြောင်း၂၀၂၀ ပါတီအောင်နိုင်ရေး လုပ်ငန်းတွင် စွမ်းစွမ်းတမံဆောင်ရွက်သည့် ပါတီဝင်များကို တာဝန်ပေးသွားမှာဖြစ်ကြောင်း ယခုအချိန်တွင် ရပ်ကျေးပါတီဥက္ကဌများသည် အရေးပါပြီး တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်ရန် စည်းရုံးဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း လိုအပ်လာပါက အထက်အဖွဲ့အစည်း၏ လမ်းညွှန်ချက်ကို စောင့်နေစရာမလို မိမိတို့အနေဖြင့် မိမိတို့အသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြစေခြင်ကြောင်း ပါတီအတွင်း စည်းလုံးညီညွတ်ကြဖို့ လိုအပ်ကြောင်းမှာကြားပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ထိန်ဝင်း(YGN)