ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးသို့ ဗဟိုအတွင်းရေးမှူး တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၈) ရက် နံနက် (၈) နာရီခွဲက တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

Htar We3

အခမ်းအနားသို့ ပါတီဌာနချုပ် ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေး၊ ပါတီဗဟိုကော် မတီဝင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးမြတ်ကိုနှင့် ကော်မတီဝင်များ၊ ထားဝယ်ခရိုင်ပါတီ အတွင်းရေးမှူး ဦးထိန်ဝင်းနှင့် ကော်မတီဝင်များ၊ ထားဝယ်မြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင်စိန်နှင့် ကော်မတီဝင် များ၊ ရပ်ကွက်နှင့် ကျေးရွာပါတီ စည်းရုံးရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၄ဝ) တက်ရောက်ကြသည်။

အခမ်းအနားတွင် သဘာပတိဖြစ်သော ပါတီအရန်ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီ တွဲဖက် အတွင်းရေးမှူး ဦးနေမျိုးက အဖွင့် အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပါတီ၏လုပ်ငန်းဆောင်ရွက် ချက်အစီရင်ခံစာကို မြို့နယ်ပါတီအတွင်းရေးမှူးက ဖတ်ကြားခြင်းနှင့် အစုအဖွဲ့စာတမ်းသုံးစောင်ကို မြို့နယ်ပါတီကော်မတီဝင် သုံးဦးက ဖတ်ကြားတင်သွင်းခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီကော်မတီဝင်များက တာဝန်မှနုတ်ထွက်ကြောင်း ကြေညာပြီး မြို့နယ်ပါတီ ကော်မတီ ပြန်လည်ရွေးချယ်တင် မြှောက်ရေး ကော်မတီခေါင်းဆောင်ဖြစ်သော ပါတီအရန်ဗဟို ကော်မတီဝင် ဦးသန်းအောင် က ကော်မတီ၏ အသစ်လျာထားသောစာရင်းကို ဖတ်ကြား တင်သွင်းခဲ့သည်။

ထို့နောက် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ပါတီ အဆင့်ဆင့် ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းမှာကြားပြီးနောက် ပါတီဝင်များက မဲပေးရွေး ချယ်ရေးကော်မတီ အဖွဲ့ဝင်အသစ် (၁၅) ဦးကို အတည်ပြုခဲ့သည်။

ဒုတိယပိုင်း အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ကျင်းပရာ ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီက ထပ်မံ၍ မြို့နယ်ပါတီကော်မတီဝင် အသစ် (၁၅) ဦး၊ အရန်ပါတီကော်မတီဝင် (၁၅)ဦး၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီ ဘဏ္ဍာရေးမှူးများကို ဆက်လက် ရွေးချယ်စေပြီးနောက် ရွေးချယ်ခံရသော ပါတီအမာခံကေဒါများက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့ကြသည်။

ထို့နောက် သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ပါတီကြွေးကြော်သံများဖြင့် အောင် မြင်စွာရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ပြုံးချို(ထားဝယ်)


Leave a Reply