ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးဦးဆောင်သောအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီးဌာန အိန္ဒိယအရှေ့ မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနှင့် အိန္ဒိယစီးပွားရေး စက်မှုနှင့်မြို့ပြလေကြောင်းပျံသန်း ရေးဝန်ကြီးဌာန ဝန်ကြီးများနှင့်တွေ့ဆုံဆွေးနွေး

 

ရန်ကုန် ဖေဖော်ဝါရီ ၂၇

အိန္ဒိယသမ္မတနိုင်ငံအစိုးရ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယဝန်ကြီးချုပ်ရုံးဝန်ကြီးဌာနနှင့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး Dr. Jitendra Singh၊ အိန္ဒိယစီးပွားရေး၊စက်မှုနှင့်မြို့ပြလေကြောင်းပျံသန်းရေးဝန်ကြီးဌာနဝန်ကြီးSuresh Prabhu နှင့်Institute of Election Commission of India မှ အဆင့်မြင့်အကြံပေးDr. Bhagban Prakash ဦးဆောင်သော ဦးစီးအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၁ဝး၃ဝ နာရီမှ မွန်းတည့် ၁၂နာရီအထိ ကာကွယ်ရေး ပစ္စည်းများ ထုတ်လုပ်သော စက်ရုံဖြစ်သည့် Bharat Electronic စက်ရုံသို့ သွား ရောက်လေ့လာခဲ့ရာ အထွေ ထွေမန်နေဂျာဖြစ်သူJoydeep Majumdar က စက်ရုံနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက်ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင် သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်Bharat Electronic စက်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာ ခဲ့သည်။
ပါတီဥက္ကဋ္ဌဦးသန်းဌေးဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ အိန္ဒိယဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာနနှင့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနများ၏ ဝန်ကြီးDr. Jitendra Singh ၊ အိန္ဒိယစီးပွားရေး၊ စက်မှုနှင့်မြို့ပြလေကြောင်း ပျံသန်းရေးဝန်ကြီးဌာနဝန်ကြီးSuresh Prabhuတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် ပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၅း၁၅ နာရီတွင် Institute of Election Commission of India မှ အဆင့်မြင့်အကြံပေးDr. Bhagban Prakash ဦးဆောင်သော ဦးစီးအဖွဲ့နှင့် တွေ့ဆုံခဲ့ကာ ကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာများ ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
NG