မီးငြှိမ်းသတ်နေသည့်တပ်ဖွဲ့ဝင်များအား လှိုင်သာယာပြည်ခိုင်ဖြိုးအာဟာရလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မီးလောင်ကျွမ်းလျက်ရှိသည့် အမှိုက်ပုံမီးအား ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိသည့် တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား လှိုင်သာယာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဝင်များမှ ထိန်ပင် အမှိုက်ပုံမီးလောင်ကျွမ်းမှုအား မီးငြှိမ်းသတ်နေသော တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များအား အာဟာရဒါနအဖြစ် ပေါင်မုန့်များ၊ ရေသန့်ဘူးများနှင့် စားသောက်ဖွယ်ရာများကို မော်တော်ယာဉ်နှစ်စီးဖြင့် ယနေ့ သွားရောက်လှူဒါန်းခဲ့သည်။

ထိန်ဝင်း(YGN)