ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်း

 

ထီးလင်း ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာမောင်မောင်ဌေးနှင့် ဦးလှဆွေတို့သည် မကွေးတိုင်းဒေသကြီး ဆောမြို့နှင့် ထီးလင်းမြို့တို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဆောမြို့တွင်လည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် ထီးလင်းမြို့နယ်တွင်လည်းကောင်း ရှင်းလင်းရာ ထိုမြို့နယ်များမှ ပါတီဝင်များနှင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပါတီဗဟို အတွင်းရေးမှူးနှင့်အဖွဲ့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ယင်းရှင်းလင်းပွဲများတွင် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပဏာမရှင်းလင်းပြောကြားခဲ့ပါသည်။

ဗဟိုအတွင်းရေးမှူးက ရှင်းလင်းပြောကြားရာတွင် ”ထိုဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)သည် ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ၃ ရက်အထိ ၁၄ နှစ်ကြာမျှ အချိန်ယူပြီး ရေးဆွဲ ခဲ့သည့်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုဖြစ်တယ်။ ထိုဥပဒေ မရေး ဆွဲမီ ၁၉၉၂ခုနှစ် ဇွန်လ၊ ဇူလိုင်လတို့မှာ တပ်မတော်အစိုးရ (နဝတ)က NLD ဥက္ကဋ္ဌ အမှူးရှိသော ကိုယ်စားလှယ်တစ်ဒါဇင် ကျော်နှင့် တစည၊အခြားတိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် များ(အမတ်)များ အချိုးကျဖိတ်ကြားတိုင်ပင် အကြံÓဏ်သဘော ထား ဆန္ဒတောင်းပြီး အမျိုးသားညီလာခံကျင်းပရန် ညီလာခံမှ ချမှတ်သောမူများဖြင့် အခြေခံဥပဒေရေးဆွဲရန်တို့ ဖြစ်ခဲ့တယ်။

ဒါကြောင့် ပထမဦးစွာ ကျိုက္ကဆံမှာ ကိုယ်စားလှယ် ၇ဝ၂ဦး ဖြင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ခံ(အမတ်)များ၊ တိုင်းရင်း သားလူမျိုးများ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ အသိပညာ ရှင်၊ အတတ်ပညာရှင်၊ နိုင်ငံ့ဝန်ထမ်း၊ အခြားဖိတ်ကြားသင့်သော ကိုယ်စားလှယ်များအပြင် အလွှာပေါင်းစုံ လူမျိုးပေါင်းစုံပါဝင်ခဲ့ တယ်။ ၄င်းကို ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၁၉၉၆ ခုနှစ် မတ်လ ၃၁ရက်အထိ ကျိုက္ကဆံကွင်းမှာ ကျင်းပခဲ့ပြီး ၂ဝဝ၄ ခုနှစ် မေ ၇ ရက်မှ ၂ဝဝ၇ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့အထိ ညောင်နှစ်ပင်မှာ ကျင်းပခဲ့တယ်။ ညောင်နှစ်ပင်မှာ ပြန်လည် ကျင်းပရာတွင် ကိုယ်စားလှယ်ပေါင်း တစ်ထောင်ကျော် နေ့စဉ် တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံရေးဆွဲရာတွင် အခြေခံရမည့်မူ (၁၅)ချက်ကို ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။

ထိုကဲ့သို့ အခန်းလိုက်အခြေခံရမည့် မူများအတိုင်း ဥပဒေ ပညာရှင်များက ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပြီး ၂ဝဝ၈ ခုနှစ်၊ မေ ၁ဝ ရက်နှင့် ၂၄ ရက်တို့တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းကို နိုင်ငံတော်တစ်ဝန်းလုံးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၈ဒသမ ၁၂ရာခိုင်နှုန်းခန့်က ဆန္ဒမဲပေးပြီး မဲပေးသူများ၏ ၉၂ဒသမ၄၈ရာခိုင်နှုန်း ထောက်ခံသည့်အတွက် ဆန္ဒခံယူပွဲတွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်) ဖြစ်လာ ခဲ့ပါတယ်။

အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ၂ဝ၁ဝမှာ အထွေထွေ ရွေးကောက်ပွဲကျင်းပပြီး တပ်မတော်အုပ်ချုပ်ရေးမှ ပါတီစုံဒီမို ကရေစီစနစ်ကို ပြောင်းလဲနိုင်ခဲ့ခြင်းမှာ ယနေ့အထိဖြစ်ကြောင်း နှင့် ၄င်းဖွဲ့စည်းပုံအခြေခံဥပဒေသည် သူ့ခေတ်သူ့အခါ သူ့အချိန် တွင် မှန်ကန်ကိုက်ညီမှုရှိခဲ့ကြောင်း၊ သို့သော် ယနေ့အချိန်အခါတွင် အချို့အချက်များသည် အချိန်အခါအခြေအနေဖြင့် ကိုက်ညီမှုမရှိ သည့်အတွက် အချို့ကို ပယ်ဖျက်၊ ဖြည့်စွက်၊ ပြင်ဆင်ကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်း ဥပဒေများအတိုင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုတလော လွှတ်တော်နှင့် လွှတ်တော်ပြင်ပတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်နေ သယောင်သတင်းများဖြစ်ပေါ်လျက်ရှိကြောင်း၊ အမှန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကန့်ကွက်နေခြင်းမဟုတ်ဘဲ ပြင်ဆင်ရေးနည်းလမ်းလွဲမှားနေခြင်းအပေါ် ထောက်ပြနေခြင်းဖြစ် ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီက နိုင်ငံတော်တာဝန်ကိုယူခဲ့သည့် ပထမလွှတ်တော် သက်တမ်းတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက စတင်ဆောင် ရွက်ခဲ့ကြောင်း၊ ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းနောက် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်မောင်ဌေးနှင့် ဦးလှဆွေ တို့က ပြင်ဆင်သင့်၊ မပြင်ဆင်သင့်၊ ပယ်ဖျက်သင့်၊ မပယ်ဖျက် သင့်၊ ဖြည့်စွက်သင့်၊ မဖြည့်စွက်သင့် ကိစ္စရပ်များကို အသေးစိတ် အကျယ်တဝင့် ရှင်းလင်းခဲ့ကြပြီး တက်ရောက်သူများ၏ ပြန်လည် မေးမြန်းခြင်းတို့ကို ဖြေကြားခဲ့ကြောင်း သိရသည်။