ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်းဖွင့်

 

ရေဖြူ ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁)ကိုယနေ့ နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ ဗဟိုကော်မတီဝင်ဦးမောင်စိန်၊ တိုင်းဒေသကြီးအတွင်းရေးမှူးဦးနေမျိုး၊ တိုင်းဒေသကြီးကော်မတီဝင်များ၊ ရေဖြူမြို့နယ်ပါတီ ဥက္ကဋ္ဌဦးနိုင်ဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဝင်များနှင့်သင်တန်းသား ၃၄ဝ တက်ရောက်ကြကြောင်း သိရသည်။

ဝဏ္ဏကျော်