သုံးခွမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို သုံးခွမြို့နယ်ပါတီရုံးခန်းမ၌ယခုလ ၁ရက်  နံနက် ၁ဝနာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဒေါ်မိုးမိုးအိ၊ အရန်ပါတီကော်မတီဝင်တောင်ပိုင်း ခရိုင်ပါတီဥက္ကဋ္ဌဦးလွင်ဦး၊သုံးခွမြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဒေါ်ခင် မြတ်စုနှင့်ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ စည်းရုံးရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ကြ ကြောင်း သိရသည်။

အခမ်းအနားတွင် ရွေးချယ်ဖွဲ့စည်းရေး သဘာပတိအဖြစ် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအရန်ကော်မတီဝင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦးက လစ်လပ်သွားသည့်ကော်မတီဝင်ေ နရာကို ပြန်လည်အစားထိုးခြင်းဖြစ်သလို စည်းရုံးရေးလုပ်ငန်းများကို ပိုမို ထိရောက် အာင်မြင်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး ရွေးချယ်တင်မြှောက်ခြင်းဖြစ်ကြောင်း၊ ရွေးချယ်ဖွဲ့    စည်းရေးဆိုင်ရာစည်းကမ်းချက်များကိုလည်းကောင်း ရှင်းလင်းပြောကြား သွားသည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာစည်းရုံးရေးမှူးများက လျှို့ဝှက်ဆန္ဒမဲစနစ်ဖြင့် ရွေးချယ်ပေး ခဲ့ကြပြီး မြို့နယ်ပါတီကော်မတီဝင်အဖြစ်ပါတီဝင် ဦးရဲသီဟအား ရွေးချယ်နိုင်ခဲ့ကြကာ အခမ်းအနား ကို ကြွေးကြော်သံများဖြင့် အောင မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ကြည်စိုးလွင်(သုံးခွ)